Posts

Showing posts from August, 2022

နွေတစ်ည (ဖြစ်ရပ်မှန်)

Image
  နွေတစ်ည (ဖြစ်ရပ်မှန်) (က) နွေရာသီက ပူပြင်းလှသည်။ မိငယ်တို့ ဇီးတော ရွာကလေးက ပဲခူးတိုင်းအတွင်းတည်ရှိသည်။ စစ်တောင်းမြစ်ဝှမ်းဖြစ်ပြီး မြေပြန့်ဒေသဖြစ်သဖြင့် ယခုလို နွေကာလဆိုအလွန်ပူပြင်းလှသည်။ ရိတ်သိမ်းထားသော မိုးစပါးတွေက ရိုးပြတ်တွေ တထောင်ထောင်နှင့် ခြောက်သွေ့နေသည်။ လယ်ကွင်းတွေက ကွင်းပြင်ကြီးတွေဖြစ်နေကာ အရိပ်မဲ့ပြီး တံလျှပ်တွေထနေသည်။ သူတို့ဒေသတွင် ရေအခက်အခဲရှိသဖြင့် နွေစပါးမစိုက်ကြ။ မြစ်ကမ်းနားသောင်ပြင်များတွင်သာ ကိုင်းစိုက်ပျိုးကြသည်။ မိငယ်က ဇီးတောရွာ ဇာတိဖြစ်သည်။ မိငယ်က တက္ကသိုလ်ကျောင်းသူဖြစ်သည်။ ပဲခူးတက္ကသိုလ်တွင် ရူပဗေဒ မေဂျာဖြင့်တက်ရောက်နေသည်။ ကျောင်းဖွင့်လျှင်တော့ ပဲခူးတွင် အဆောင်နေပြီး တက္ကသိုလ်တက်သည်။ သို့သော် ယခုလိုနွေပိတ်ရက်များတွင်တော့ ရွာပြန်ပြီးနေဖြစ်သည်။ မိငယ်က အထွေးဆုံးသမီးမို့ အဖေနှင့်အမေကကော၊ အမေကြီး(အဖွား)ကပါ မိငယ်ကို အလွန်ချစ်သည်။ မိငယ်တွင် အစ်မတစ်ယောက်သာရှိပြီး အစ်မက အစိုးရဝန်ထမ်းဖြစ်သဖြင့် တာဝန်ကျရာနေရသည်။ ထို့ကြောင့် မိငယ်ကို ကလေးလို့ သဘောထားပြီးအကုန်လုံးက ဝိုင်းချစ်ကြသည်။ ရွာတွင် နွေရက်ပြန်နားနေတော့ လုပ်စရာကမရှိ၊ အဖေနှင့် အမေဖက်မှ ဦးကြီးက သဲသောင်ပြင်များတွင် ကို...

သရဲဈေး (ဖြစ်ရပ်မှန်)

 သရဲဈေး (ဖြစ်ရပ်မှန်) (မှတ်ချက်။    ။ မန္တလေးမှ သူရဲဈေးနှင့် ဘာမှမဆိုင်ပါ) (က) တောင်ငူခရိုင် အတွင်းတည်ရှိသည့် ကုန်းကြီးကျေးရွာသည် စည်ကားသည့်ရွာကလေးတစ်ရွာဖြစ်သည်။ ရထားလမ်းပေါက်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး စည်ကားလှသည်။ ကုန်းကြီးတွင် ငါးရက်တစ်ဈေးခင်းကြသည်။ ဈေးက သာမန်နေ့များတွင် ဈေးအသေးလေးသာရှိသော်လဲ ငါးရက်တစ်ဈေးကတော့ နီးစပ်ရာ ရွာများမှပါ လာရောက်ရောင်းချကြသဖြင့် အလွန်စည်ကားလှသည်။ မနက် ဝေလီဝေလင်းမှ စတင်ရောင်းချကြပြီး နေ့လည် ၁၀ နာရီလောက်ဆို ဈေးကွဲပြီဖြစ်သည်။ မိဝိုင်းက ကုန်းကြီးရွာ ဇာတိတော့မဟုတ်။ ကုန်းကြီးရွာသား ထွန်းရင်နှင့် အကြောင်းပါပြီး ကုန်းကြီးရွာတွင်နေဖြစ်သည်။ ထွန်းရင်က ပိုးထိ၍ ဆုံးသွားပြီးတော့ သမီးတစ်ယောက်ကျန်ခဲ့သည်။ သမီးလေးက ငါးနှစ်ခန့်ပင်ရှိသေးသည်။ ထွန်းရင် ဆုံးတော့ မိဝိုင်းရွှေတောင်ကြီးပြိုသလိုဖြစ်သည်။ နဂိုကတည်းက လယ်ပိုင်ယာပိုင်မဟုတ်သလို မိဝိုင်းက တောသူတစ်ယောက်မဟုတ်သည့်အတွက် တောအလုပ်များ မလုပ်ကိုင်နိုင်ပေ။ ထို့ကြောင့် မိဝိုင်းအကြွေးတွေ နစ်နေသည်။ ကံကောင်းချင်တော့ ကုန်းကြီးရွာစည်ကားလာပြီး မိဝိုင်းလဲ ဈေးရောင်းလေသည်။ ရွာထဲမှ ဗမာကြက်များ၊ မွေးမြူရေးကြက်များ၊ ဘဲများ...

ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် )

Image
  ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် ) (၁) အထက်အညာဒေသ၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိသည့် ရှားတောရွာ(အမည်လွှဲ)လေးအနီးတွင် ရှေးဟောင်း ရွှေစည်းခုံ(ဘုရားဘွဲ့အမည်လွှဲ) ဘုရားကြီးတည်ရှိသည်။ ထိုဘုရားကြီးမှာ ရှားတောရွာအနီးတွင်တည်ရှိသည်။ ရှားတောရွာမှာ ရွာဟုဆိုသော်လည်း အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ကားလမ်းမကြီးဘေးတွင် တည်ရှိသည်မို့ မြို့ကလေးနီးပါးဖြစ်နေပြီဖြစ်သည်။ အစိုးရအထက်တန်းကျောင်းများ၊ ကျေးလက်ဆေးရုံနှင့် အခြေခံအဆောက်အအုံများ များစွာတည်ရှိပြီး စည်ကားသည့် ရွာတစ်ရွာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်က ရှားတောရွာကလေးမှာ ရွာငယ်ကလေးတစ်ရွာဖြစ်သည်။ ကားလမ်းလဲ မပေါက်သေးပေ။ ရွှေစည်းခုံစေတီကြီးမှာလဲ တောင်ကုန်းကြီးတစ်ကုန်းအဖြစ် ရွာ၏တောင်ဘက်တွင် တည်ရှိလေသည်။ ထိုနေရာတွင် ကျွဲကျောင်း နွားကျောင်းကြသည်။ တောအုပ်ငယ်လေးဖြစ်နေသဖြင့် ငှက်ပစ်ကြက်ပစ်ကြသည်။ နောက်ပိုင်း ရှားတောရွာသို့ ဆရာတော် တစ်ပါး ရောက်လာပြီး သီတင်းသုံးသည်။ ထိုဆရာတော်၏ အိပ်မက်အရ ထိုတောအုပ်ကလေးကို ရှင်းလင်းကြရာမှ အုတ်များကိုတွေ့ရသည်။ ရွာသားများက ဆက်လက်တူးဖော်ရာမှ ရှေးဟောင်းဘုရားကြီးတစ်ဆူဖြစ်နေသည်။ ဘုရားကြီးပေါ်သည့် သတင်းကြားပြီးနောက် အနယ်နယ်အရပ်ရပ...

ပြောမပြတော့ပါဘူး (ဖြစ်ရပ်မှန်)

Image
  ပြောမပြတော့ပါဘူး (ဖြစ်ရပ်မှန်) (၁) ဆောင်းတွင်းဆိုသော်လည်း ရန်ကုန်ဆောင်းမှာ သိပ်မအေးမြပေ။ သို့သော် စာရေးသူတို့ ရပ်ကွက်က သစ်ရိပ်ဝါးရိပ်ကြီးများရှိပြီး တောင်ကုန်းလည်းဖြစ်နေတော့ မနက်ပိုင်းဆို ချမ်းအေးသည်။ လေကလဲတဖြူးဖြူးတိုက်နေသဖြင့် အိမ်ထဲကထွက်ပြီး အိမ်ရှေ့တွင်ထိုင်နေကာ ဖုန်းပွတ်နေလိုက်သည်။ ဆောင်းတွင်းလေ အေးအေးလေးနှင့် ဇိမ်ကျနေလျှက်ရှိသည်။ “ကတောင်” မက်ဆင်ဂျာတွင် သူငယ်ချင်းမဟုတ်သူ တစ်ယောက်တက်လာသည်။ သူက စကားပြောချင်လာသဖြင့် ကိုယ်ကလဲ လက်မပြန်ထောင်လိုက်ရသည်။ “ဆရာ ဖုန်းခေါ်လို့ရမလား” “ရတော့ရတယ်” ပုံမှန်ဆို မနက်စောစောစီးစီး သူများနှင့် ဖုန်းမပြောတတ်။ မကြာမီ သူကပင် မက်ဆင်ဂျာမှ ဖုန်းခေါ်လာလေသည်။ “ဟုတ်ကဲ့ ဆရာအဂ္ဂလား” “ဟုတ်ကဲ့” အသံက ယောက်ျားလေးအသံဖြစ်သော်လည်း အသံချိုချိုနှင့် ရှတတလေးဖြစ်နေသည်။ “ကျွန်တော့်ရဲ့ ထူးဆန်းတဲ့အတွေ့အကြုံကလေးကို ပြောပြချင်လို့ပါ” “ဟုတ်ကဲ့ ပြောကြည့်ပါ” ထိုသူက အတော်ကြာသည်အထိ စကားမထွက်လာတော့။ ထိုအခါ ကျွနု်ပ်က လိုင်းမကောင်းဘူးထင်ပြီး ဟယ်လိုဟု သုံးလေးခါ ခေါ်နေမိသည်။ “ဟုတ်၊ ကြားရတယ်ခင်ဗျ၊ ကျွန်တော် ပြောပြသင့် မသင့်စဉ်းစားနေတာ” တစ်ဖက်မှ အသံကိုကြားလိုက်ရပြီးနောက် ကျွနု်ပ်လဲ စိတ...

အဲ့ဒီလှေကားက မတက်နဲ့ (ဖြစ်ရပ်မှန်)

Image
 အဲ့ဒီလှေကားက မတက်နဲ့ (ဖြစ်ရပ်မှန်) (၁) မြေလတ်ဒေသ၊ မြို့ကလေးတစ်မြို့တွင်ဖြစ်သည်။ ထိုမြို့ကလေးက အဓိက လမ်းမကြီးများပေါ်တွင် မတည်ရှိသဖြင့် နာမည်မထင်ရှားသည့် မြို့ကလေးဖြစ်သည်။ မြို့ကလေး၏ သက်တမ်းမှာ ရှည်ကြာနေပြီဖြစ်ပြီး မြန်မာမင်းများလက်ထက်နှင့် အင်္ဂလိပ်လက်ထက်က ရွာကလေးမျှသာဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြို့အင်္ဂါရပ်နှင့်အညီအဆင့်မြှင့်ကာ မြို့ကလေးတစ်မြို့အဖြစ် ထူထောင်လိုက်သည်။ ၁၉၈၀ ပြည့်နှစ်ရောက်သောအခါ ရွာနာမည်နောက်တွင် မြို့အဖြစ် အမည်တပ်လိုက်လေတော့သည်။ မြို့မဖြစ်သေးခင်ကတည်းက ထိုမြို့ကလေးတွင် အထက်တန်းကျော်းတစ်ကျောင်းတည်ရှိသည်။ ပုံမှန်အပြင်ပိုင်းက ကြည့်လိုက်လျှင်တော့ အခြားအထက်တန်းကျောင်းများနည်းတူ အုတ်ခံပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်ကျောင်းဆောင် သုံးဆောင်ပါသည့် ကျောင်းတစ်ကျောင်းသာဖြစ်သည်။ ကျောင်းနေသည့် ခလေးများကလဲ သိပ်များများစားစားမရှိလှသေး။ ကျောင်းက မြို့လယ်မှ ဖြတ်သွားသည့် ကားလမ်းမပေါ် မေးတင်ထားသည်။ ကျောင်းကို လူကြီးရင်ညွန့်လောက်ရှိသည့် အုတ်တံတိုင်းကာရံထားပြီး ထုံးနှင့် ဆေးအစိမ်းရောကာ သုတ်ထားသည်။ ကျောင်းအဝင်တွင်တော့ သံပန်းဖြင့်ပြုလုပ်ထားသည့် ဆိုင်းဘုတ်ကြီးရှိသည်။ ထိ...