စာရေးသူ၏အကြောင်း

အဂ္ဂဇော်aggazaw

အဂ္ဂဇော်


အဂ္ဂဇော်သည် မြန်မာလူငယ်စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ စိုင်းခွန်ချိုဖြစ်သည်။ ၁၅၊ ဇွန်၊ ၁၉၉၂ ခုနှစ်တွင်မွေးဖွားသည်။ မိဘများမှာ ဦးမျိုးသန့်၊ ဒေါ်တင်တင်ဝင်းတို့ဖြစ်ကြသည်။ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ ငယ်စဉ်ကတည်းကပင် စာပေ၊ ပန်းချီပညာတို့တွင် ဝါသနာပါခဲ့သည်။ ၂၀၁၄ခုနှစ်တွင် စံတော်ချိန်ဂျာနယ်တွင် "ကလေးရှိသူမိဘတိုင်း သတိထားသင့်ပြီ" အမည်ရှိ ဆောင်းပါးဖြင့် စာပေလောကသို့ဝင်ရောက်ခဲ့သည်။ ထို့နောက် ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ထိုစဉ်က ကလောင်နာမည်မှာ ဟိန်းတေဇ(ဥပဒေ)ဖြစ်သည်။


ဝတ္ထုရေးသားခြင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်စတင်ခဲ့သည်။ "လူသားမုန့်ဟင်းခါး" ဝတ္ထုကို အဂ္ဂဇော်အမည်ဖြင့်စတင်ရေးသားခဲ့ရာမှ လူမှုကွန်ရက်စာဖတ်သူများအကြားတွင်အထူးရေပန်းစားခဲ့သည်။ ထိုဝတ္ထုတိုအား TaSayGyi အမည်ရ Youtube Channel တစ်ခုမှ အသံအဖြစ်တင်ဆက်ရာတွင် လူသိများသွားကာ ကြည့်ရှုသူတစ်သန်းကျော်အထိရရှိခဲ့သည်။ ထိုအချိန်မှစ၍ ပရလောကဝတ္ထုများကို တစိုက်မက်မက်ရေးသားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။ 


၂၀၂၃ ခုနှစ်တွင် ပရလောကစာပေများရေးသားနေရာမှ စိတ်ကူးယဉ်အချစ်ဝတ္ထုဇာတ်လမ်းများကိုရေးသားခဲ့ရာ လူကြိုက်များအောင်မြင်သေးသည်။ အချစ်ဝတ္ထုကိုးပုဒ်ရေးသားပြီးစီးသည့်အခါ အချစ်ဝတ္ထုနယ်ပယ်တွင်ဆက်လက်ရေးသားလိုစိတ်မရှိတော့သဖြင့် အချစ်ဝတ္ထုများရေးသားခြင်းကို ၂၀၂၄ ခုနစ်တွင် ရပ်နားခဲ့သည်။


၎င်း၏ စာပေများကို ဖေ့ဘုတ်စာမျက်နှာတွင်မက Wunzin စာဖတ်ပလက်ဖောင်းတွင်လည်းကောင်း၊ MPT Lotaya ပလက်ဖောင်းတွင်လည်းကောင်းဖတ်ရှုနိုင်သလို စာအုပ်စာပေများအဖြစ် ပညာရွှေတောင်စာအုပ်မှ လစဉ်ထုတ်ဝေဖြန့်ချိသည့်် သူရဇ္ဇမဂ္ဂဇင်းတွင်လည်း ပင်တိုင်ရေးသားလျှက်ရှိသည်။ 


ရေးသားခဲ့သောဝတ္ထုများမှာ စိတ်ကူးယဉ်ဆန်းကြယ်ဝတ္ထုများဖြစ်ကြသည်၊ လူကြိုက်များသောဇာတ်ကောင်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် စုန်းထီးကြီးဦးဘသာမှာ ထင်ရှားသည်။ အခြားစုန်းဝတ္ထုဇာတ်လမ်းများနှင့် အလွန်ကွဲပြားနေခြင်းကြောင့် လူကြိုက်များရခြင်းဖြစ်သည်။ 

Comments

လူကြိုက်အများဆုံးဝတ္ထုများ

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

မိုးတစ်ည (ဖြစ်ရပ်မှန်)

သရဲဈေး (ဖြစ်ရပ်မှန်)