Posts

အသစ်

သေနတ်ပြီးတဲ့သူကြီး (စဆုံး)

  သေနတ်ပြီးတဲ့သူကြီး (စဆုံး) (ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်) (၁) အချိန်ကာလအားဖြင့် ၁၉၁၀ ခုနှစ်ခန့်၊ ဗြိတိသျှကိုလိုနီအစိုးရက မြန်မာနိုင်ငံအားအုပ်ချုပ်နေသည့်အချိန်ကာလဖြစ်သည်။ ကျိုက်လတ်မြို့အပိုင် ငပွေးတန်းတိုက်နယ်တွင် စာဖြူစုဟူသည့်ရွာကြီးတစ်ရွာရှိသည်။ ထိုစာဖြူစုရွာတွင် သူကြီးဦးစံခိုင်ဆိုလျှင် ရွာတွင်သာမက ရွာနီးချုပ်စပ်ပါမကျန်၊ မသိသူမရှိလောက်အောင်ကိုပင် တန်ခိုးထွားပေသည်။ တပို့တွဲလမို့ နံနက်လင်းသော်လည်း ဆောင်းနှင်းမြူများက ရစ်ဝိုင်းနေဆဲဖြစ်သည်။ သူကြီးဦးစံခိုင်တစ်ယောက် အိမ်ရှေ့ကြမ်းပြင်တွင် ကူးချည်သန်းချည်လျှောက်သွားနေမိသည်။ ဦးစံခိုင်မှာ အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနှင့် ယောက်ျားပီသသူတစ်ဦးဖြစ်သည်။ သူကြီးဦးစံခိုင်လျှောက်သွားနေသည်ကို တူတော်မောင် ခင်ကြိုင်က ကြည့်ကာ "သူကြီးရယ်၊ စိတ်အေးအေးထားစမ်းပါဗျာ" "စိတ်အေးနိုင်မလား ခင်ကြိုင်ရ၊ ငါ့မိန်းမ မယ်မျှင် မီးဖွားနေတာကြာပြီမဟုတ်လားကွ" "လက်သည်တွေက ဒီနယ်ကနာမည်ကြီးတဲ့လက်သည်ပါ သူကြီးရာ၊ သိပ်လည်းစိတ်မပူစမ်းပါနဲ့၊ သူကြီးက သားဦးမို့အဖြစ်သည်းနေပြန်ပါပြီ" "အေး၊ အဖြစ်သည်းတယ်ဟေ့၊ အဖြစ်သ...

နွေတစ်ည (ဖြစ်ရပ်မှန်)

Image
  နွေတစ်ည (ဖြစ်ရပ်မှန်) (က) နွေရာသီက ပူပြင်းလှသည်။ မိငယ်တို့ ဇီးတော ရွာကလေးက ပဲခူးတိုင်းအတွင်းတည်ရှိသည်။ စစ်တောင်းမြစ်ဝှမ်းဖြစ်ပြီး မြေပြန့်ဒေသဖြစ်သဖြင့် ယခုလို နွေကာလဆိုအလွန်ပူပြင်းလှသည်။ ရိတ်သိမ်းထားသော မိုးစပါးတွေက ရိုးပြတ်တွေ တထောင်ထောင်နှင့် ခြောက်သွေ့နေသည်။ လယ်ကွင်းတွေက ကွင်းပြင်ကြီးတွေဖြစ်နေကာ အရိပ်မဲ့ပြီး တံလျှပ်တွေထနေသည်။ သူတို့ဒေသတွင် ရေအခက်အခဲရှိသဖြင့် နွေစပါးမစိုက်ကြ။ မြစ်ကမ်းနားသောင်ပြင်များတွင်သာ ကိုင်းစိုက်ပျိုးကြသည်။ မိငယ်က ဇီးတောရွာ ဇာတိဖြစ်သည်။ မိငယ်က တက္ကသိုလ်ကျောင်းသူဖြစ်သည်။ ပဲခူးတက္ကသိုလ်တွင် ရူပဗေဒ မေဂျာဖြင့်တက်ရောက်နေသည်။ ကျောင်းဖွင့်လျှင်တော့ ပဲခူးတွင် အဆောင်နေပြီး တက္ကသိုလ်တက်သည်။ သို့သော် ယခုလိုနွေပိတ်ရက်များတွင်တော့ ရွာပြန်ပြီးနေဖြစ်သည်။ မိငယ်က အထွေးဆုံးသမီးမို့ အဖေနှင့်အမေကကော၊ အမေကြီး(အဖွား)ကပါ မိငယ်ကို အလွန်ချစ်သည်။ မိငယ်တွင် အစ်မတစ်ယောက်သာရှိပြီး အစ်မက အစိုးရဝန်ထမ်းဖြစ်သဖြင့် တာဝန်ကျရာနေရသည်။ ထို့ကြောင့် မိငယ်ကို ကလေးလို့ သဘောထားပြီးအကုန်လုံးက ဝိုင်းချစ်ကြသည်။ ရွာတွင် နွေရက်ပြန်နားနေတော့ လုပ်စရာကမရှိ၊ အဖေနှင့် အမေဖက်မှ ဦးကြီးက သဲသောင်ပြင်များတွင် ကို...

သရဲဈေး (ဖြစ်ရပ်မှန်)

 သရဲဈေး (ဖြစ်ရပ်မှန်) (မှတ်ချက်။    ။ မန္တလေးမှ သူရဲဈေးနှင့် ဘာမှမဆိုင်ပါ) (က) တောင်ငူခရိုင် အတွင်းတည်ရှိသည့် ကုန်းကြီးကျေးရွာသည် စည်ကားသည့်ရွာကလေးတစ်ရွာဖြစ်သည်။ ရထားလမ်းပေါက်သဖြင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး စည်ကားလှသည်။ ကုန်းကြီးတွင် ငါးရက်တစ်ဈေးခင်းကြသည်။ ဈေးက သာမန်နေ့များတွင် ဈေးအသေးလေးသာရှိသော်လဲ ငါးရက်တစ်ဈေးကတော့ နီးစပ်ရာ ရွာများမှပါ လာရောက်ရောင်းချကြသဖြင့် အလွန်စည်ကားလှသည်။ မနက် ဝေလီဝေလင်းမှ စတင်ရောင်းချကြပြီး နေ့လည် ၁၀ နာရီလောက်ဆို ဈေးကွဲပြီဖြစ်သည်။ မိဝိုင်းက ကုန်းကြီးရွာ ဇာတိတော့မဟုတ်။ ကုန်းကြီးရွာသား ထွန်းရင်နှင့် အကြောင်းပါပြီး ကုန်းကြီးရွာတွင်နေဖြစ်သည်။ ထွန်းရင်က ပိုးထိ၍ ဆုံးသွားပြီးတော့ သမီးတစ်ယောက်ကျန်ခဲ့သည်။ သမီးလေးက ငါးနှစ်ခန့်ပင်ရှိသေးသည်။ ထွန်းရင် ဆုံးတော့ မိဝိုင်းရွှေတောင်ကြီးပြိုသလိုဖြစ်သည်။ နဂိုကတည်းက လယ်ပိုင်ယာပိုင်မဟုတ်သလို မိဝိုင်းက တောသူတစ်ယောက်မဟုတ်သည့်အတွက် တောအလုပ်များ မလုပ်ကိုင်နိုင်ပေ။ ထို့ကြောင့် မိဝိုင်းအကြွေးတွေ နစ်နေသည်။ ကံကောင်းချင်တော့ ကုန်းကြီးရွာစည်ကားလာပြီး မိဝိုင်းလဲ ဈေးရောင်းလေသည်။ ရွာထဲမှ ဗမာကြက်များ၊ မွေးမြူရေးကြက်များ၊ ဘဲများ...

ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် )

Image
  ပြတိုက်စောင့်တဲ့နေ့ (ဖြစ်ရပ်မှန် ) (၁) အထက်အညာဒေသ၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိသည့် ရှားတောရွာ(အမည်လွှဲ)လေးအနီးတွင် ရှေးဟောင်း ရွှေစည်းခုံ(ဘုရားဘွဲ့အမည်လွှဲ) ဘုရားကြီးတည်ရှိသည်။ ထိုဘုရားကြီးမှာ ရှားတောရွာအနီးတွင်တည်ရှိသည်။ ရှားတောရွာမှာ ရွာဟုဆိုသော်လည်း အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ကားလမ်းမကြီးဘေးတွင် တည်ရှိသည်မို့ မြို့ကလေးနီးပါးဖြစ်နေပြီဖြစ်သည်။ အစိုးရအထက်တန်းကျောင်းများ၊ ကျေးလက်ဆေးရုံနှင့် အခြေခံအဆောက်အအုံများ များစွာတည်ရှိပြီး စည်ကားသည့် ရွာတစ်ရွာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ခန့်က ရှားတောရွာကလေးမှာ ရွာငယ်ကလေးတစ်ရွာဖြစ်သည်။ ကားလမ်းလဲ မပေါက်သေးပေ။ ရွှေစည်းခုံစေတီကြီးမှာလဲ တောင်ကုန်းကြီးတစ်ကုန်းအဖြစ် ရွာ၏တောင်ဘက်တွင် တည်ရှိလေသည်။ ထိုနေရာတွင် ကျွဲကျောင်း နွားကျောင်းကြသည်။ တောအုပ်ငယ်လေးဖြစ်နေသဖြင့် ငှက်ပစ်ကြက်ပစ်ကြသည်။ နောက်ပိုင်း ရှားတောရွာသို့ ဆရာတော် တစ်ပါး ရောက်လာပြီး သီတင်းသုံးသည်။ ထိုဆရာတော်၏ အိပ်မက်အရ ထိုတောအုပ်ကလေးကို ရှင်းလင်းကြရာမှ အုတ်များကိုတွေ့ရသည်။ ရွာသားများက ဆက်လက်တူးဖော်ရာမှ ရှေးဟောင်းဘုရားကြီးတစ်ဆူဖြစ်နေသည်။ ဘုရားကြီးပေါ်သည့် သတင်းကြားပြီးနောက် အနယ်နယ်အရပ်ရပ...