ဒလက်ချောင်းက ငဘကြီး (ဖြစ်ရပ်မှန်)
ဒလက်ချောင်းက ငဘကြီး (ဖြစ်ရပ်မှန်)
(က)
၁၉၉၀ ဝန်းကျင်ခန့်ကဖြစ်သည်။
မင်းလွင်က အညာသားဖြစ်သည်။ မကွေးတိုင်းအတွင်း ကျေးရွာကလေးတွင်နေထိုင်သူဖြစ်၏။ မိဘများက ဆင်းရဲသည်ကတစ်ကြောင်း ဘကြီးဖြစ်သူက ကျောင်းထားပြီးတောက်တိုမယ်ယခို
တစ်နှစ်ရွာသို့ ပြန်ကြွရင်း မင်းလွင်ကိုမြင်တော့ သနားသွားသည်။ မင်းလွင်တို့က မောင်နှမများသည်မို့ မင်းလွင်မိဘများကိုခွင့်တောင်း
မင်းလွင်ကျောင်းတက်ရတော့ ဘကြီးကောင်းမှုနှင့် ပြည့်ပြည့်စုံစုံကျောင်းတက်ရသည်
ကျောင်းတက်ရင်း အခင်ဆုံးသူငယ်ချင်းမှာ မိုးညိုဖြစ်သည်။ မိုးညိုမှာ ဧရာဝတီတိုင်း ကျေးရွာလေးတစ်ရွာမှဖြစ်သည်။ သူကတော့ ရန်ကုန်ရှိဆွေမျိုးအိမ်တွင်တည်း
ထိုနှစ်က ကိုးတန်းစာမေးပွဲဖြေပြီးသည့်နှ
(ခ)
ပတ်ဝန်းကျင်တွင် မြင်တွေ့ရသမျှ အရာအားလုံးက မင်းလွင်စိတ်ထဲထူးဆန်းနေသည်။ အညာတွင် နွေအခါတော့ ပတ်ဝန်းကျင်ကခြောက်သွေ့နေသော်
“မိုးညို အဲဒါပင်လယ်ကြီးလား”
“မင်းကလဲကွာ ပေါက်ပေါက်ရှာရှာ မြစ်ပြင်ကြီးပါဟ”
“အံ့ရောပဲ၊ ဒီလောက်ကြီးတဲ့မြစ် ငါမမြင်ဖူးဘူး”
နှစ်နာရီခန့် လှေမော်တော်စီးပြီးနောက် ဆိပ်ကမ်းတစ်ခုကိုကပ်ရာ ထိုဆိပ်ကမ်းမှနေပြီး လှေအသေးလေးဖြင့် ဆက်စီးကြရပြန်သည်။ နောက်ထပ်နာရီဝက်လောက်စီးပြီးတော့
မိုးညိုတို့အိမ်မှာတော့ သစ်သားတိုင်များဖြင့် ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထား
“ဒါက ငါ့ညီ၊ အဲဒါ ငါ့ညီမအငယ်ဆုံး၊ သူတို့ကတော့ငါ့တူမတွေ “
မိုးညိုက ကလေး ၇ယောက်လောက်နှင့် မိတ်ဆက်ပေးလိုက်သည်။ ကလေးတွေက မင်းလွင်နားကိုအုံလာကြသည်။ မင်းလွင်လဲ ဘကြီးဘုန်းကြီးစွန့်လိုက်သည့် ကြက်ဥမရွေးထုပ်များ၊ ဘီစကွတ်မုန့်များကို ပေးလိုက်သောအခါ ပျော်ရွှင်စာ လုယက်စားသောက်နေကြလေသည်။
“မောင်မင်းလွင်ထင်တယ် . . . ကြွပါ”
မိုးညိုမှာ အဖေမရှိတော့။ အမေဖြစ်သူနှင့် အမများ၊ တစ်ဝမ်းကွဲအမျိုးများနှင့်သာ အတူနေကြသည်။ မိုးညိုတို့အိမ်ရှေ့တွင် ဝရန်တာသဖွယ် ရေကပြင်ကြီး အကျယ်ကြီးရှိပြီး ထိုမှကြည့်လိုက်လျှင် မြစ်ပြင်ကျယ်ကြီးကို လှမ်းမြင်နေရလေသည်။
“သားတို့ ဆာလာကြပြီလား၊ ထမင်းအသင့်ချက်ထားတယ်”
ထမင်းဝိုင်းက ဘုန်းကြီးဝိုင်းသဖွယ်ဖြစ်နေသည်။ အသားနည်းသည်။ ငါးများ၊ ပုစွန်များ၊ ကဏန်းများအလျှံပယ်ဖြစ်သည်။ ငါးပိကလဲ တောငါးပိ မွှေးမွှေးချိုချိုကလေးဖြစ်ပြီး သခွားသီးစိပ်များ၊ သရက်သီးစိပ်များနှင့် ခရမ်းကြွပ်သီးကလေးများနှင့် အလွန်လိုက်ဖက်လေရာ မင်းလွင်လဲ ထမင်းသုံးပန်းကန်လောက်စားလိုက်
(ဂ)
ထမင်းစားပြီးတော့ ဗိုက်တော်တော်လေးနေပြီ။ အိမ်ရှေ့တွင်ထိုင်ပြီး မြစ်ပြင်ကိုငေးကြည့်နေမိသည်။ အညိုရောင်ရေများနှင့် ကောင်းကင်တွင် တိမ်စိုင်တိမ်လိပ်များက ပနံရနေသည်။ လှေကလေးများက တစ်စီး၊ တစ်စီး မြစ်ထဲသွားလာနေကြသည်။
“အကိုကြီး လက်ဖက်သုပ်စားပါဦး”
ကောင်မလေးတစ်ယောက် လာပြီးသူ့အနားတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းဗန်းကို လာချသွားသည်။ မင်းလွင်လဲ ထိုကောင်မလေးကို အကြာကြီးကြည့်နေမိသည်။ အသားခပ်လတ်လတ်နှင့် မျက်နှာလေးက တစ်မျိုးချစ်စရာကောင်းနေသည်။ ကောင်မလေးက ရှက်ကိုးရှက်ကန်းနှင့် အိမ်ထဲပြန်ဝင်ပြေးသွားလေသည်။ မကြာခင် မိုးညိုက သူ့နားတွင်လာထိုင်လေသည်။
“ဟေ့ ခုနက ဘယ်သူလဲကွ”
“အောင်မယ် . . . အဲဒါငါ့ညီမကွ”
“ယောက်ဖ မင်းဒါမျိုးကျတော့ ငါ့ကိုမပြောပြဘူး”
“မင်းကိုမယုံလို့မပြောတာဟေ့”
သူငယ်ချင်းနှစ်ယောက်ရယ်မောရင်း လက်ဖက်စားကြသည်။ လက်ဖက်သုပ်ဆိုသော်လည်း အကြော်သိပ်မပါဘဲ လက်ဖက်အသားနှင့် ပုစွန်ခြောက်အကောင်ကြီးများ နိုင်းချင်းနှင့်ဖြစ်သည်။
“ဒါနဲ့ မင်းတို့ဆီမှာ ငါးတွေပေါတယ်နော်”
“အော် မြစ်ဝကျွန်းပေါ်ကတော့ ငါးတွေ၊ ပုစွန်တွေဆိုတာ လွှတ်ပေါပေါ့ကွာ ကဏန်းဆိုတာ မစားချင်မှအဆုံးပဲ”
“အေးကွာ၊ ငါတော့ ငါးသိပ်မကြိုက်ပေမယ့် ပုစွန်တို့၊ ဂဏန်းတို့ကို သိပ်ကြိုက်တာပဲ”
“မင်းကြိုက်ရင် ငါရှာကျွေးမယ်လေ၊ ငါတို့ ဒီည ပိုက်သွားထောင်ရအောင်ကွာ၊ မင်းလဲလိုက်ခဲ့၊ ဗဟုသုတရတာပေါ့”
“အေး လိုက်မယ် . . . လိုက်မယ် ဒါနဲ့ မင်းညီမ နာမည်ဘယ်လိုခေါ်တုန်း”
“ဟေ့ကောင် သိချင်မင်းဖာသာသွားမေးပါလား”
မိုးညိုကပြောလိုက်ကာ မင်းလွင်လက်မောင်းကို လက်သီးနှင့်ထိုးလိုက်လေသည်။
ညရောက်ပြီ၊ လပြည့်နီးသဖြင့် လကထိန်ထိန်သာနေသည်။ ကောင်းကင်တွင်တော့ တိမ်စိုင်ခဲကြီးများ တစ်အုပ်တစ်အုပ်သွားနေကြသည်။ မြစ်ထဲတွင် မင်းလွင်နှင့် မိုးညိုတို့ရောက်နေကြပြီဖြစ်သည်
တစ်ရွာလုံးက တိတ်ဆိတ်နေသော်လည်း ဗီဒီယိုရုံတွင် လူပြည့်နေကြသည်။ ပြသည့်ကားက တောကြိုက်နေထက်လင်းကားဖြစ်သည်။ မိုးညိုတို့လှေကလေး ရွာကနေထွက်လာတော့ မြစ်ပြင်တွင် မီးလုံးတစ်လုံးကိုတွေ့လိုက်ရသည်
“မိုးညို ဟိုမှာ . . . ဟိုမှာ”
မင်းလွင်က လက်ညိုးထိုးပြီးပြလိုက်သည်။
“မကြောက်ပါနဲ့ကွ အဲဒါ အဖိုးကြာ ပါကွ”
ပြောပြီးနောက် မိုးညိုက ဆက်လက်လှော်ခတ်လိုက်သည်။ အနားရောက်ကာမှ လှေကလေးတစ်စီးနှင့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
“မိုးညို မင်းတို့ဘယ်သွားကြမလို့လဲ”
“ဒလက်ချောင်းရိုးကိုသွားကြမလို့ အဖိုးရဲ့”
“အေး . . သတိတော့ထား မိုးချုပ်နေပြီ၊ နောက်ပြီး သူစိမ်းလဲပါတာလား”
“သူက ကျွန်တော့်သူငယ်ချင်းပါ”
“အေးကွယ်. . . မင်းကရွာခံဆိုတော့ သတိပိုထားပေါ့ကွာ”
“ဒါနဲ့ အဖိုး ပုစွန်ကျားတွေ ဘယ်နားရှိနိုင်သလဲ”
အဖိုးကြာဆိုသည့်အဖိုးကြီးက ရေမျက်နှာပြင်ကို လက်ဖြင့်ကိုင်ကြည့်ရင်း နိမ့်လိုက် မြင့်လိုက်လုပ်ကြည့်နေသည်။
“ဒလက်ချောင်းနဲ့ တက်သစ်အင်းအစပ်နားလောက်မှာ ဒီအချိန်ရှိလောက်မယ်ကွ”
“ကျေးဇူးပါပဲအဖိုးကြာ”
ထိုသို့ပြောပြီး မိုးညိုက ဆက်လက်လှော်ခတ်သွားလေသည်။ အဖိုးကြာကလဲ တရွေ့ရွေ့နှင့် လှော်ခတ်သွားတော့သည်။
“နေပါဦး မိုးညိုရဲ့၊ ဒီအဖိုးကြီးက ပုစွန်တွေ ဘယ်နားရှိတယ်ဆိုတာ ဘယ်လိုသိသလဲ”
“တံငါအတတ်ပညာတွေပေါ့ကွာ၊ အဖိုးကြာက အနှစ် ၆၀ လောက်တံငါလုပ်လာတာကွ၊ ရေကိုကိုင်ကြည့်ရုံ နမ်းကြည့်ရုံ ရေအရောင်၊ ရေအသွားအလာကိုကြည့်ရုံနဲ့ ဘယ်နားမှာ ဘာငါးရှိတယ်၊ ဘယ်နားမှာ ဘယ်ပုစွန်ရှိလောက်တယ်ဆိုပြီး အတတ်ပြောနိုင်တာပေါ့”
“ဒါဆို သူပြောတဲ့အတိုင်းရော တကယ်ရှိရဲ့လား”
မိုးညိုက ပြုံးလိုက်သည်။
“မင်းဟိုရောက်တော့ တွေ့မှာပေါ့ကွာ”
လှေကလေးက ရွာမှတရွေ့ရွေ့ထွက်လာပြီး ဒလက်ချောင်းဟု အမည်တွင်သည့် ချောင်းကလေးထဲသို့ ကွေ့ဝင်လိုက်တော့သည်။
(ဃ)
ဒလက်ချောင်းထဲတွင် လူနေအိမ်မရှိ၊ တစ်ခါတစ်ရံ အိမ်ပျက်ကလေးများ တစ်လုံးစ နှစ်လုံးစသာတွေ့ရလေသည်။ ဘေးတစ်ဖက်တစ်ချက်တွင် လမုပင်များ၊ လအဲ့ပင်များ ကိုင်းတောများသာ ဖုံးလွှမ်းနေလေသည်။ တစ်ခါတစ်ရံ ညငှက်တစ်ကောင်၊ နှစ်ကောင် ကိုင်းတောအတွင်းမှ ထပျံသွားကြတော့သည်။
ညမှောင်တွင် လရောင်ကိုတိမ်ဖုံးသွားလေသည်။ ထိုတော့မှ ချောင်းအတွင်း အမှောင်ထုကြီးစိုးသွားလေသည်။
“မိုး . . . မိုး ညို . . . အဲ . . . အဲဒါဘာတွေလဲ”
မင်းလွင်က ကိုင်းတောအပေါ်တွင် ပျံသန်းနေသည့် မီးလုံးများကို လက်ညှိုးထိုးရင်း လှမ်းမေးလိုက်သည်။ မီးလုံး သုံးလေးလုံးက ကိုင်းတောထဲမှထွက်လာပြီး မိုးပေါ်ပျံတက်သွားလိုက်၊ ကိုင်းတောထဲပြန်ဆင်းသွားလိုက်နှ
“ဪ . . . အဲဒါ စုန်းမီးတောက်တွေပါ၊ မင်းဓါတ်မီးနဲ့သွားမထိုးနဲ့နော်
“စုန်း . . . စုန်းမီးတောက်ဟုတ်လား”
“အင်း ဟုတ်တယ်လေ၊ ဒီဒေသက လမိုင်းတွေပျော်တဲ့အခါ အဲဒီလိုစုန်းမီးတောက်တွေမြင်
“ငါတော့ တစ်ခါမှမမြင်ဖူးဘူး၊ ကြောက်လိုက်တာကွာ”
“ဒီ စုန်းမီးတောက်တွေ ချက်ချင်းပျောက်သွားအောင် မင်းလုပ်နိုင်တယ်ဆိုရင် ယုံမလား”
မိုးညိုအမေးကို မင်းလွင်က ဝေခွဲမရဖြစ်သွားသည်။
“ဘယ်လို . . . ငါကပျောက်သွားအောင်လုပ်နိုင်တယ်
မိုးညို ခေါင်းညိတ်ပြသည်။
“ပြောကွာ ဘယ်လိုလုပ်ရမလဲ”
“မင်းငါ့ကို ဆရာခေါ်ရမယ်”
မိုးညိုက ဈေးကိုင်နေပြန်ပြီ၊ မင်းလွင်လဲ သိချင်သဖြင့် ခေါင်းညိတ်လိုက်သည်။
“ကဲ ဒီလိုမှပေါ့ တပည့်ရဲ့”
“ဟေ့ကောင် ပါးစပ်အရသာခံမနေနဲ့ ပြောမယ်သာဆိုပြောကွ”
“အဲဒီ စုန်းမီးတောက်တွေကို မင်းလက်ညှိုးနဲ့ထိုးလိုက်ကွာ နောက်ပြီးရင် ပျောက်စေ . . . ပျောက်စေလို့ပြောလိုက်”
“ရပါ့မလား”
“လုပ်ကြည့်စမ်းပါကွာ”
မင်းလွင်လဲ မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် ထိုမိုးပေါ်ပျံတက်လာသည့် စုန်းမီးတောက်တစ်ခုကို လက်ညှိုးဖြင့်ထိုးလိုက်သည်။
“ပျောက်စေ . . . ပျောက်စေ”
ပြောလို့ဆုံးသွားသည်နှင့် ထိုစုန်းမီးတောက်မှာရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။ ကျန်သည့် မီးလုံးနှစ်လုံးမှာတော့ ပျံသန်းနေဆဲဖြစ်သည်။
“ဟေ့ကောင်ရေ ထူးဆန်းလိုက်တာကွာ၊ ဘာဖြစ်တာလဲ”
“ဒီလိုကွ စုန်းမီးတောက်တွေက မြင်ချင်တဲ့သူပဲမြင်ရတာ၊ မင်းက မမြင်ချင်ဘူးဆိုရင် မမြင်ရတော့ဘူး၊ အခုမင်းနှစ်လုံးပဲ မြင်ရတော့တယ်မဟုတ်လား၊ ဒါပေမယ့် ငါကတော့သုံးလုံးစလုံး မြင်နေရသေးတယ်”
မင်းလွင်က နောက်ထပ်မီးလုံးနှစ်လုံးကိုပါ
“ဒီ စုန်းမီးတောက်တွေက လူတွေကို ဒုက္ခမပေးဘူးလား”
“သူ့ဖာသူနေတာများပါတယ်။ လူတွေသူ့အနားရောက်သွားရင်တောင် စုန်းမီးတောက်တွေက လူတွေနဲ့ဝေးရာ တဖြည်းဖြည်းရောက်သွားကြတယ်”
ပြောရင်း လရောင်များက တစ်ဖန်ပြန်ကျလာသည်။ ချောင်းကလေးထဲမှ ရေလှိုင်းကလေးများက ငွေရောင်တဖြပ်ဖြပ်ထနေလေသည်။
“ဟိုဟာ တက်သစ်အင်းပေါ့”
မိုးညိုက ညာဖက်ရှိကိုင်းတောများကို လက်ညှိုးထိုးပြလိုက်သော်လည်း ကိုင်းပင်များသာရှိသဖြင့် မင်းလွင်က မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်နေလေသည်။
“ဘာမှမတွေ့ပါလား”
“ဪကွာ . . . ကိုင်းတောကြီးနဲ့ကွယ်နေတာကိုး”
သိပ်မကြာခင် တက်သစ်အင်းအစပ်နားရောက်လာတော့မှ ရေပြင်ကျယ်ကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ရေပြင်ကျယ်ကြီးတွင် ကြာပင်များပေါက်ရောက်နေကာ ကြာပန်းအချို့ဖူးပွင့်နေကြသည်။
“တိတ်တိတ်နေနော် ရှူး”
မိုးညိုကပြောလိုက်ပြီး လှေကိုအသာကလေး ဖြေးဖြေးကြိတ်လှော်နေသည်။ မင်းလွင်လဲ အသံတိတ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ မကြာခင် မိုးညိုက လက်နှိပ်ဓါတ်မီးတောင်းပြီး ရေပြင်ကျယ်ကို လက်နှိပ်ဓါတ်မီးဖြင့် ရှပ်ထိုးလိုက်သည်။
“အား . . ပါး . . ပါး”
ရေမျက်နှာပြင်တွင် လှုပ်ခတ်ခုန်ပေါက်နေသည့် ပုစွန်များကိုတွေ့လိုက်ရသည်။ ပုစွန်များသည် ဓါတ်မီးအရောင်ကို လရောင်အထင်နှင့် ခုန်ပေါက်မြူးတူးနေကြသည်။ မိုးညိုက ပိုက်ကွန်အစိပ်တစ်ခုကို ယူလိုက်ပြီးနောက်ပုစွန်များကို ကွန်ချက်ပစ်လိုက်တော့သည်။
ကွန်ချက်ပြန်ဆွဲတင်လိုက်တော့ ပုစွန်တွေက တစ်လုံးတစ်ခဲကြီးပါလာလေသည်။ ကျန်သည့် ပုစွန်တွေကတော့ သူတို့နှင့် ပေ ၂၀၀ လောက်အကွာအဝေးသို့ အုပ်လိုက်ပြီးထွက်ပြေးသွားကြသည်
“တော်ပြီ၊ ပြန်ကြစို့”
“ဟေ့ မိုးညို ဟိုမှာ ပုစွန်အုပ်ကြီးရှိသေးတယ်လေ”
မိုးညိုကခေါင်းခါလိုက်သည်။
“တော်ပြီကွ၊ တို့စားလောက်ရင်တော်ရောပေါ့။ တို့တံငါတွေမှာ စည်းကမ်းတစ်ခုရှိတာက တခြားတံငါအတွက်လဲ ငါးတွေ၊ ပုစွန်တွေ ချန်ထားပေးရတယ်၊ တွေ့တိုင်းအကုန်မဖမ်းရဘူးကွ”
“တောင်းတစ်ဝက်ပဲ ရသေးတာကွာ၊ အပြည့်ရမှ ပြန်မယ် ဟုတ်ပြီလား”
မင်းလွင်က စောဒကတက်လိုက်သည်။ မိုးညိုက အတန်စဉ်းစားပြီးမှာ ခေါင်းညိတ်လိုက်သည်။ မင်းလွင်ကတော့ ရေမျက်နှာပြင်တွင် တဖျပ်ဖျပ်လူးနေသည့် ပုစွန်အုပ်ကြီးကိုကြည့်ကာ အသဲယားနေသည်။ ဖမ်းချင်စိတ်တွေ ပြည့်နေသည်။
သို့နှင့် ပုစွန်အုပ်နောက် အသာကလေးလိုက်ခဲ့ကြသည်။ ချောင်းကမ်းဘေးတွင်ဖြစ်ပြီး ထိုအနားတွင် သစ်ငုတ်တိုကြီးရှိသည်။ မိုးညိုနောက်ထပ် ကွန်တစ်ချက်ကျဲလိုက်သောအခါ ပုစွန်အများအပြားရလေသည်။ သူတို့လဲ ကမ်းကပ်ပြီးနောက် ပုစွန်များကိုဖြုတ်ကြသည်။
“ပျောက်စေ . . . ပျောက်စေ”
မင်းလွင်က ထိုသို့ပြောသံကြားသဖြင့် မိုးညိုက ခေါင်းမော့ကြည့်လိုက်သည်။
“ဟေ့ ဘာတွေ့လို့လဲကွ”
“ဟိုမှာ သစ်ငုတ်တိုပေါ်က စုန်းမီးတောက်တွေကျတော့ ပျောက်စေပြောပေမယ့် မပျောက်လို့ကွ”
မင်းလွင်ပြောတော့မှ မိုးညိုလဲ သစ်ငုတ်တိုပေါ် လှမ်းကြည့်လိုက်သည်။ လကို တိမ်ဖုံးနေသဖြင့် မှောင်မည်းသွားပြန်သည်။ သစ်ငုတ်တိုပေါ်တွင် နီနီ အလုံးနှစ်လုံးက ရပ်တန့်နေလေသည်။
“ဟာ ဟေ့ကောင် အဲဒါ . . . အဲဒါ စုန်းမီးတောက်မဟုတ်ဘူးထင်တယ်ကွ”
မိုးညိုကပြောပြောဆိုဆိုဖြင့် လက်နှိပ်ဓါတ်မီးဖွင့်လိုက်ကာ ထိုသစ်ငုတ်တိုကြီးဆီသို့ တဖြည်းဖြည်း ထိုးကြည့်လိုက်တော့သည်။
“အောင်မယ်လေး . . .”
နှစ်ယောက်သား ပြိုင်တူအော်မိလိုက်ကြသည်။ သစ်ငုတ်တိုပေါ်ထိုင်နေသည့်ကောင်
“ဗွမ်း
(င)
ချောင်းရိုးထဲသို့ ကျသွားပြီးနောက် ရေပြင်အောက်မှနေပြီး နီနီအလုံးကြီးနှစ်လုံးက သူတို့လှေကလေးဆီ တဖြည်းဖြည်းကူးခတ်လာလေသည်ကိုတွေ့
“ဘာ . . . ဘာကောင်လဲ၊ ငါ . . ငါတို့ဘာလုပ်ကြမလဲ”
“ဘာမှမလုပ်နဲ့ ပြေးစို့”
မိုးညိုက ထိုင်ချလိုက်ပြီး လှော်တက်ကိုကောက်ကိုင်ကာ လှော်တော့သည်။ ထိုအရာကြီးကလဲ သူတို့လေနောက်မှ လိုက်လာလေသည်။ သူလိုက်လာသည့်အနောက်တွင်လဲ ရေများက ဗလောင်ဆူပြီးတော့ ကျန်နေခဲ့တော့သည်။ မင်းလွင်လဲမနေသာတော့ လှေဦးမှာတွေ့သည့် လှော်တက်အတိုလေးနှင့် ဝိုင်းလှော်ရင်း အနောက်သို့ငေးကြည့်နေမိသည်။ သူတို့လှေကလေးက သာမန်ထက်ပိုနှေးနေသလိုခံစားရပြီ
ဒလက်ချောင်းအတွင်းမှ ပြန်ထွက်တော့မှ ထိုနီနီရဲရဲမျက်လုံးကြီးနှစ်လုံ
အိမ်ရောက်တော့ မည်သူ့ကိုမျှ မပြောပြတော့ဘဲ၊ ပုစွန်တောင်းကိုထမ်းကာ အိမ်ပေါ်ပြေးတက်လိုက်ကြသည်။ အိမ်သားများက ဗွီဒီယိုရုံမှပြန်လာကြသည်။ သူတို့နှစ်ဦးလဲ အိမ်ရှေ့ခန်းတွင် မောမောနှင့် အိပ်လိုက်ကြတော့သည်။
ညသန်းခေါင်ရောက်ပြီ။
“ခွပ် . . . . အား”
ပထမကြားရသည့်အသံသည် မိုးညိုက မင်းလွင်ကိုလက်သီးနှင့်ထိုးလို
“မိုးညို . . . မင်း . . . ဘာ . . . ဘာဖြစ်”
စကားပင်မဆုံးသေး မိုးညိုက နောက်တစ်ချက်ထပ်ထိုးလိုက်ရာ မင်းလွင်မျက်နှာကိုတည့်တည့်ထိသွ
“ကယ်ကြပါဦး . . . . မိုးညို ဘာဖြစ်”
အော်လို့ပင်မဆုံးလိုက် မိုးညိုက မင်းလွင်အပေါ်ခုန်အုပ်လိုက်ပြီး
“ဒင်းကို မကျေနပ်ဘူး . . . ဒင်းကိုမကျေနပ်ဘူး”
ခြောက်ကပ်အက်ကွဲသော အသံကြီးဖြင့် မိုးညိုကပြောလိုက်သည်မို့ အိမ်သားများထိတ်လန့်သွားကြတော့
“မိုးညို အပမှီလာပြီထင်တယ်”
ထိုသို့ပြောရင်း မိုးညိုအမေက လက်အုပ်ချီလျှက်မိုးညို အရှေ့တွင် ဝင်ထိုင်လိုက်လေသည်။
“ဘယ်သူလဲ၊ ဘာကြောင့် မကျေနပ်သလဲဆိုတာ သိပါရစေ”
“ငါက ဒလက်ချောင်းက ငဘကြီးပဲ”
“အလို . . .”
“ဒီကောင်က ငါ့ကိုဆက်ထားတဲ့ ငါးတွေကိုယူလာခဲ့တယ်၊ ငါအဲ့ဒါကိုမကျေနပ်လို့ ဒီကောင့်ကိုမှတ်လောက်သားလောက် ပညာပေးမလို့ပဲ၊ ဒါပေမယ့် ဒီကောင်က ဘုရားတရားမြဲတော့ ဒီကောင့်ကိုကပ်မရလို့”
မင်းလွင်ကိုလက်ညှိုးထိုးပြီး ပြောနေလေသည်။
“သြော် . . . ငဘကြီးရယ်၊ ဒီကလေးလေးက တစ်နယ်သားကလေးပါ၊ သူမသိလို့လုပ်မိတာကို ဗွေမယူပါနဲ့ရှင်၊ ကလေးတွေကို ဒုက္ခမပေးပါနဲ့၊ နောက်နေ့ကျရင် ငဘကြီးအတွက် စားတော်ဆက်ပေးပါ့မယ်၊ ကလေးတွေကို ဗွေမယူပါနဲ့ရှင်”
ထိုသို့ပြောလိုက်တော့ မိုးညိုက လက်ပိုင်ရင်း တဟင်းဟင်းနှင့် ရယ်နေလေသည်။ သူ့ခေါင်းမှာလဲ စောင်းငန်း စောင်းငန်းနှင့်ဖြစ်နေသည်။
“ဟိုအကောင် မင်းလုပ်ထားတာ မင်းမတောင်းပန်ဘူးလား”
မင်းလွင်လဲထိုတော့မှ ကြောက်ကြောက်နှင့်
“ကျွန်တော်မသိလို့လုပ်မိတာကို တောင်းပန်ပါတယ်ခင်ဗျာ”
“အေးကောင်းပြီ၊ သူကမသိတာတစ်ကြောင်း၊ နင်တို့တောင်းပန်နေတာကတစ်ကြောင်
ငဘကြီးက ထိုသို့ပြောဆိုပြီးနောက် ရယ်မောရင်း မိုးညိုမှာ ခွေကျသွားတော့သည်။
(စ)
မိုးညိုကို ပရိတ်ရေတိုက်၊ ချည်မန်းတွေ ပတ်ပေးပြီးသိပ်လိုက်ရာ မနက်လင်းမှနိုးတော့သည်။ မင်းလွင်ကတော့ နှာခေါင်းသွေးတွေထွက်ပြီး မျက်နှာလဲဖူးယောင်နေသည်။
“တောင်းပန်ပါတယ်သူငယ်ချင်းရာ”
“အေး၊ ငါလဲ ညကဘာဖြစ်သွားမှန်းမသိလိုက်ဘူး၊ ဒါနဲ့ မင်းက ဘာယူလာတာတုန်း”
“ဒီလိုပါ၊ မင်းနဲ့ငါ နောက်တစ်ခေါက် ပုစွန်တွေဖြူတ်ကျတော့၊ ကမ်းဘေးမှာ ငါးအကြီးကြီးနှစ်ကောင် တင်နေတာနဲ့ သူ့ဖာသာသူသေနေကြတာလို့ ထင်ပြီး ငါလဲကောက်လာခဲ့တာ”
“ကောင်းရောကွာ၊ မင်းကလောဘကြီးတာကိုး၊ အဲဒါ တံငါတစ်ချို့က ငဘကြီးကို ဆက်ခဲ့တာကွ”
“နို့ ငါမှ သိမှမသိဘဲ”
သို့သော် မိုးညိုမိဘများက ဧည့်သည်မင်းလွင်ကို သိပ်မဆူဘဲ မိုးညိုကိုသာဖိဆူသည်မို့ မင်းလွင်လဲစိတ်မကောင်းဖြစ်ရသည်။ ထိုနေ့တွင်ပင် ငါးနှစ်ကောင်ကင်ပြီး အရက်တစ်လုံးနှင့် တက်သစ်အင်းအဝင် သစ်ငုတ်တိုကြီးပေါ်တွင် ငဘကြီးအား သွားဆက်သရလေသည်။
ဆယ်ရက်ဆိုသောအချိန်ကသိပ်မကြာလွ
မင်းလွင်လဲ ထိုနောက်ပိုင်း မိုးညိုတို့ရွာကိုလည်းကောင်း၊ တက်သစ်အင်းနှင့် ဒလက်ချောင်းကိုလည်းကောင်း တစ်ခေါက်မှထပ်မရောက်ဖြစ်တော့ပါ။ အကြောင်းမှာ ထိုနှစ်မင်းလွင်အဖေ အသည်းအသန်ဖြစ်သဖြင့် ကျောင်းမတက်နိုင်တော့ဘဲ ရွာပြန်သွားရင်း ရွာမှာပဲ တစ်သက်လုံးအခြေကျသွားတော့သောကြေ
တစ်ချိန်က သူငယ်ချင်း မိုးညိုအား အောက်မေ့သတိရလျှက်
မင်းလွင်
ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
Comments
Post a Comment