တံတားအိုကလေးတစ်ခုမှာ (ဖြစ်ရပ်မှန်)
တံတားအိုကလေးတစ်ခုမှာ (ဖြစ်ရပ်မှန်)
(က)
ရဲလိုင်းခန်းတန်းလျားလေးတွင် ယနေ့တော့ ဟင်းနံ့မွှေးနေလေသည်။ ကိုကျော်စွာဇနီး မပြုံးက ဗမာကြက်များဝယ်ယူလာပြီးနောက် ကြက်သားကာလသားဟင်းကို စပါယ်ရှယ်ချက်ပြုတ်နေပြီး ကိုကျော်စွာနှင့်စခန်းမှလူများ
အချိန်က ည ၈နာရီကျော်ပြီဖြစ်သည်။ တာဝန်ကျရဲသားမှအပ ကျန်ရဲသားများမှာ ကိုကျော်စွာအိမ်တွင် စကားပြောရင်း အဖွဲ့ကျနေကြသည်။ ထိုအချိန်မပြုံးက အိမ်နောက်ဖေးတွင် ပုဂံတစ်ချပ်သွားဆေးလေသည်။ ရဲလိုင်းခန်းနောက်တွင် တာလပတ်ဖြင့် အဖီဆွဲထားပြီး ထိုနေရာတွင် ရေသုံးရန်စီစဉ်ထားပြီး တိုင်ကီတစ်လုံးနှင့် ကျောက်စည်ပိုင်းလေးတစ်ခုကိုချထာ
(ခ)
“မပြုံးက အနောက်သွားတာ ကြာလှချည်လားကွ”
ထိုသို့ပြောနေစဉ်ပင် မပြုံးက အိမ်ပေါ်တက်လာပြီး သူတို့အိမ်ရှေ့ခန်းနားတွင် ငုတ်တုတ်ကောက်ထိုင်လိုက်လေသည်။ ထို့နောက် ဘာမပြောညာမပြောနှင့် ဟားတိုက်ကာ ရယ်မောနေတော့သည်။ သို့သော်ရယ်သည့် အသံကြီးမှာ ယောက်ျားရယ်သံကြီးဖြစ်နေသည်။
“ဟီး . . . ဟီး . . . . ဟား . . . ဟား”
“ဆရာရေ တစ်ခုခုတော့ထူးပြီ”
ထိုအခါ ကိုကျော်စွာက မပြုံးကိုထိကိုင်လိုက်ရာ မပြုံးမှာချက်ချင်းပင် ကိုကျော်စွာလက်ကိုပုတ်ချလိုက်လေ
“မင်းဘယ်သူလဲ . . . မင်းဘာလဲ”
“ဆရာကလဲ ကျွန်တော် ထွန်းလင်းပါ”
“ထွန်းလင်း . . . ခွေးကောင် မင်းဘာလို့ ငါ့မိန်းမကို ဒီလိုလုပ်တာလဲ"”
"”မဟုတ်ပါဘူးဆရာရယ် ဆရာ့မိန်းမဟင်းချက်လက်ရာ ကောင်းလွန်းလို့လာချီးကျူးတာပါ"
ရဲသားများအားလုံး အံ့သြသွားကြသည်။ ထိုကဲ့သို့ သရဲပူးကပ်ခံရသည့်အဖြစ်ကို တစ်စခန်းလုံးမည်သူမျှ မကြုံဖူးကြပေ။
“အေး . . . ဟင်းချက်ကောင်းတာတော့ဟုတ်ပါပြီ၊ မင်းကဘယ်လိုစားတာတုန်း”
“ဒီလိုပါဆရာရဲ့ ဆရာတို့နောက်ဖေး ရေကပြင်မှာ ပန်းကန်ဆေးတော့ ထမင်းလုံးလေးတွေနဲ့ ဟင်းဖတ်လေးတွေ မြေကြီးပေါ်ကျတာကို ကျွန်တော်စားလိုက်မိတော့ ကောင်းလိုက်တာဆရာရယ်၊ ဘယ်လိုစားကောင်းမှန်းမသိဘူး”
ကိုကျော်စွာလဲ ထွန်းလင်းကို သနားဂရုဏာစိတ်ဖြစ်သွားလေသည်။
“အေးကွာ ကောင်းတယ်ဆိုလဲပြီးတာပါပဲ၊ မင်းကြိုက်ရင် ငါတို့ထက်ကျွေးမယ်၊ မင်းငါ့မိန်းမကိုတော့ မနှောင့်ယှက်ပါနဲ့ကွာ”
“ဟုတ်ကဲ့ဆရာ၊ သြော် ဒါနဲ့ ကျွန်တော့်ကိုကျွေးရင် ဖက်ဖြစ်ဖြစ်၊ သတင်းစာဖြစ်ဖြစ် ခင်းကျွေးပါဆရာရယ်၊ ပန်းကန်နဲ့ဆို ကျွန်တော်စားလို့မရလို့”
“အေးအေး . . . ဒါနဲ့ မင်းကဘယ်မှာနေတာလဲ”
“စခန်းစည်းရိုးအစွန်ဆုံးက သရက်ပင်အသေးလေးမှာနေပါတယ်ဆရာ”
ထိုသို့ပြောပြီးနောက် မပြုံးက မူးလဲသွားတော့သည်။ ရဲတပ်သားများ၊ ရဲတပ်သားများ၏ ဇနီးများက ဝိုင်းဝန်းပြုစုတော့မှ သတိလည်လာတော့သည်။ ဘုရားသောက်တော်ရေကိုစွန့်တိုက်
ထိုညတွင်ပင် ကျန်နေသည့် ဟင်းများနှင့်ထမင်းများကိုနယ်
“ထွန်းလင်းရေ စားဟ”
ဟုပြောဆိုခဲ့သေးသည်။
မိုးလင်းသည့်အခါတွင် စပ်စုသည့်ရဲဘော်များက သရက်ပင်အောက်သွားကြည့်ကြသောအခါ သတင်းစာစက္ကူကိုသာတွေ့ရပြီး ထမင်းနှင့်ဟင်းများမှာ တစ်စေ့မှမကျန် ပြောင်သလင်းခါနေတော့သည်။
ရဲစခန်း ခြံစည်းရိုးအဆုံးမို့ စခန်းနှင့်သီးသန့်ကလေးဖြစ်နေသည်
(ဂ)
ထွန်းလင်း။
ထွန်းလင်းက အောက်ပြည်ဖက်မှဖြစ်သည်။ ရဲတပ်သားအဖြစ်နှင့် သူတို့စခန်းကိုတာဝန်ကျသည်။ ပထမဆုံးတာဝန်ဖြစ်သည်။ ထွန်းလင်းမှာ လူငယ်လဲလူငယ်ဖြစ်ပြီး ခိုင်း၍လဲကောင်းလှသည်။ ဖင်လဲပေါ့သဖြင့် တစ်ခုခုဆိုထွန်းလင်းကိုသာ ခိုင်းကြသည်။ ခိုင်းယုံတင်မက ပေးစရာရှိလျှင် ထွန်းလင်းကို ပေးကြကမ်းကြလေသည်။ ထွန်းလင်းတို့ မိသားစုမှာ မောင်နှမများပြီး မိဘများကကျပ်တည်းသည်မို့ ထွန်းလင်းက သူ၏လစာများကို ခြစ်ကုပ်စုပြီး လစာကိုအိမ်သို့ပြန်ပို့ရလေသည်။ တစ်စခန်းလုံးတွင် ထွန်းလင်းက အသက်အငယ်ဆုံးဖြစ်ရာ အားလုံးက သူ့အား ကလေးတစ်ယောက်သဖွယ် သဘောထားချစ်ခင်ကြလေသည်။
ထွန်းလင်းက ကိုကျော်စွာလိုင်းခန်းတွင် ကပ်နေလေသည်။ ကိုကျော်စွာလဲတစ်ယောက်တည်းနေ
သို့သော် ထွန်းလင်းကံမကောင်းရှာပေ။ တာဝန်ကျ၍တစ်နှစ်မပြည့်သေး ထွန်းလင်းငှက်ဖျားမိတော့သည်။ ပြင်းထန်လှသည့် ရိုးမငှက်ဖျားက ထွန်းလင်းကိုမျက်နှာသာမပေးချေ။ ထွန်းလင်းမသေခင် မနက်ပိုင်းတွင် ကိုကျော်စွာက အရေးကြီးကိစ္စရှိသဖြင့် ခရိုင်ရုံးသို့ သွားရမည်ဖြစ်သည်။ အိမ်တွင်ကျန်နေခဲ့သည့် ထွန်းလင်းအား ဆေးနှင့် စားစရာများပြင်ဆင်ပေးခဲ့ရသည်။
“မင်း နေလို့ကောင်းရဲ့လားကွ”
“အများကြီးသက်သာလာပါပြီဆရာ”
“သက်သာတယ်သာပြောတယ်၊ မင်းကြည့်ရတာ ဖြူဖတ်ဖတ်နဲ့”
“အောင်မယ်ဆရာက ကျွန်တော့်ကိုအထင်သေးတာလား၊ မယုံရင် ဆရာနဲ့ကျွန်တော်အပြေးပြိုင်ကြည့်
ကိုကျော်စွာလဲ ထွန်းးလင်းစကားကြောင့်ပြုံးလို
“အေးကွာ၊ မြန်မြန်နေကောင်းအောင်လုပ်၊ အုပ်ဆောင်းထဲမှာ ကွေကာအုပ်နဲ့ပေါင်မုန့်ထားခဲ့
ထိုသို့ပြောပြီး ကိုကျော်စွာက အိမ်ပေါ်မှဆင်းလာသည်။ ထွန်းလင်းက အိမ်ပေါက်ဝတွင်သူ့အား ကလေးတစ်ယောက်သဖွယ် တာ့တာပြနေလေသည်။
ညနေပြန်လာတော့ ထွန်းလင်းဆုံးပြီဆိုသည့် သတင်းကြားလိုက်ရသည့်အခါ ကိုကျော်စွာရင်ဝကိုဆောင့်ကန်လို
ထွန်းလင်း မိဘများက လမ်းစရိတ်ထောင်းလွန်းသဖြင့် မလာနိုင်ကြပေ။ ထို့ကြောင့် ကိုကျော်စွာတို့သာ ထွန်းလင်းဈာပနကို ပြုလုပ်ပေးလိုက်ကြသည်။ ထွန်းလင်းပစ္စည်းများကိုတော့ သေတ္တာနှင့်စုထည့်ပြီး သူ့မိဘများဆီသို့ ပို့ပေးလိုက်ရသည်။ ကူငွေလဲတော်တော်ရလိုက်ပါ၏။
ထွန်းလင်းမကျွတ်မလွတ်ဖြစ်နေကြော
ဇနီးသည်လဲ ကြောက်ကြောက်လန့်လန့်နှင့် စခန်းတွင် သုံးရက်ခန့်သာနေပြီး ပြန်တော့သည်။ ကိုကျော်စွာလဲ ဝါဝင်သည့်အခါတွင် ရဲစခန်းတွင် ဝါဆိုသင်္ကန်းကပ်သည့်အခါ ထွန်းလင်းအတွက် အမျှပေးဝေကြပါသည်။ သို့သော် ထွန်းလင်းအမျှအတန်းရမရ၊ ကျွတ်မကျွတ်ကိုတော့ မသိရပေ။
(ဃ)
ဝါကျွတ်ပြီ၊
သူတို့စခန်းကျရာ ရွာကလေး၏ တစ်ဖက်ရွာတွင် ဇိနမာန်အောင် ဘုရားကြီးရှိပြီး နှစ်စဉ် သီတင်းကျွတ်လဆုတ်တွင် ဘုရားပွဲသွင်းလေသည်။ ထိုနှစ်တွင်လဲ ထုံးစံအတိုင်း ဘုရားပွဲအတွက် ကိုကျော်စွာတို့ရဲစခန်းမှ လုံခြုံရေးတာဝန်ယူပေးရသည်။ ဘုရားအနီး ကွင်းပြင်ကြီးတွင် ဇတ်ရုံကြီးထိုးထားပြီး ပွဲဈေးခင်းကျင်းကြသည်။ အနီးအပါးရွာများမှပါ ပွဲဈေးလာသဖြင့် ပွဲတော်ရက်ဆိုလျှင် စည်ကားနေတော့သည်။
ကိုကျော်စွာက ဘုရားအမှုဆောင်အဖွဲ့တွင် ပါဝင်သည်မို့ လုံခြုံရေးကိစ္စအတွက်နေ့တိုင်း ဘုရားပွဲသို့သွားပြီးစီစဉ် ကွပ်ကဲရလေသည်။ ဘုရားပွဲက သုံးညကျင်းပရာ နောက်ဆုံးညဖြစ်သည်။ ကိုကျော်စွာလဲ သုံးရက်ဆက်တိုက်ပင်ပန်းခဲ့သည်မို့
“ဆရာ့ကြည့်ရတာမလန်းပါလား”
“အေးဗျ၊ သုံးရက်ဆက်တိုက်ဆိုတော့ လူလဲတော်တော်ပန်းနေပြီ”
“ဒါများဆရာရယ် စောစောကပြောပေါ့၊ ဒီညတော့ ဆရာပြန်နားလိုက်တော့ ၊ နောက်ဆုံးညဖြစ်နေပြီ။ ကိစ္စလဲ ဘာမှထွေထွေထူးထူးရှိတာမှမဟုတ်တာ
ရဲတပ်ကြပ်ကြီးအကြံပေးချက်ကို လက်ခံလိုက်သည်။ လက်မှနာရီကိုကြည့်လိုက်တော့ ညဆယ်နာရီကျော်ပြီဖြစ်သည်။ ထိုဘုရားပွဲကလေးမှနေ၍ သူတို့ရွာသို့ ကျေးရွာခြင်းဆက်လမ်းကလေးမှ ပြန်ရမယ်ဖြစ်သည်။ ပုံမှန်အတိုင်းဆိုထိုလမ်းကလေး
လွှဲစရာရှိတာများလွှဲအပ်ညွှန်ကြ
တစ်နေရာတွင် တောအုပ်အတွင်းမှ စီးဆင်းလာသည့် စမ်းချောင်းကလေးတစ်ခုရှိသည်။ ထိုစမ်းချောင်းကလေးကို ဖြတ်ကူးရန်အတွက်သစ်သားတံတားအို
လသာသာနှင့် စက်ဘီးနင်းလာခဲ့သည်။ လရောင်နှင့်မို့ ပတ်ဝန်းကျင်ကို ကောင်းစွာမြင်နေရသည်။ ထိုတံတားကလေးအရောက်မှာတော့ ကိုကျော်စွာထိတ်လန့်သွားလေသည်။ အကြောင်းမှာတံတားကလေးပေါ်တွင် လက်ရမ်းကလေးကိုအမှီပြုပြီး မတ်တပ်ရပ်နေသည့် လူတစ်ယောက်ကိုတွေ့ရသည်။ လရောင်ပင်ဖြစ်လင့်ကစား ထိုလူ၏ ပုံပန်းသဏ္ဍာန်ကိုကြည့်ရုံဖြင့် မည်သူမည်ဝါမှန်းကို ကိုကျော်စွာသိနေပြီဖြစ်သည်။ ထိုသူက အခြားမဟုတ် ထွန်းလင်းဖြစ်သည်။
နဂိုက သရဲမကြောက်တတ်သောကိုကျော်စွာသည် ယခုတော့ ကျောချမ်းလာပြီဖြစ်သည်။ အဖော်ဖြစ်လိုဖြစ်ငြားဘေးဘီသို့
“ထွန်း . . . ထွန်းလင်း မင်း . . . မင်း”
ကိုကျော်စွာ စကားများအထစ်ထစ်ငေါ့ငေါ့နှင့်ဖြ
“ဆရာ့ကို ကျွန်တော်လာနှုတ်ဆက်တာ”
“ဟေ . . .”
“ဟုတ်တယ်ဆရာ၊ ကျွန်တော်သွားတော့မယ်”
ထွန်းလင်းကထိုသို့ပြောပြီးနောက် တံတားအောက်သို့ခုန်ချသွားတော့
ထိုနောက်ပိုင်းတွင် ထွန်းလင်းကို ထပ်မံမတွေ့ရတော့သည်မှာ နောက်သုံးနှစ်ခန့်ကြာ၍ နေရာပြောင်းခဲ့သည်အထိ ထွန်းလင်းကိုထပ်မတွေ့ရတော့ချေ။ ထွန်းလင်းတစ်ယောက် ကျွတ်လွတ်သွားတာလား၊ ဒါမှမဟုတ် တစ်နေရာရာကိုထွက်သွားတာလားဆိုတာ
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
Comments
Post a Comment